Local News

ရှမ်းပြည်နယ်(တောင်ပိုင်း) မှ နှင်းဆီနှင့်ဂန္ဓာမာပန်းများ မလေးရှားဈေးကွက်သို့ စမ်းသပ်တင်ပို့

Last Updated:

ရှမ်းပြည်နယ်(တောင်ပိုင်း) မှ နှင်းဆီနှင့်ဂန္ဓာမာပန်းများ မလေးရှားဈေးကွက်သို့ စမ်းသပ်တင်ပို့

ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် ပန်းစိုက်ပျိုးမှုအတွက် ရာသီဥတုကောင်းမွန်သဖြင့် တစ်နှစ်ပတ်လုံး ကလော၊ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်းမြို့နယ် များ၌ စိုက်ပျိုးကြပြီး စိုက်ပျိုးမှုအနေဖြင့် (၈၀၀ မှ ၁၀၀၀)ဧကခန့်ရှိပြီး နှင်းဆီ၊ ဂန္ဓာမာ၊ သပြေ၊ လီလီပန်းတို့ကို အများဆုံးစိုက်ပျိုး၍ ပြည်နယ်တွင်းဈေးကွက်များကိုသာ အဓိကထား၍ ခြံရှင်များမှ တိုက်ရိုက်ရောင်းချခြင်း၊ အောင်ပန်းပွဲရုံများမှတဆင့်လည်းရောင်းချကြပြီး လစဉ်ပန်းမျိုးစုံ ဆယ်သိန်းကျော် ရောင်းချရကြောင်း ယခုလအတွင်းဈေးနှုန်းများအနေဖြင့် နှင်းဆီ(၁၀)ပွင့်ကို (၂၀၀၀ မှ ၂၃၀၀)ကျပ်၊ ဂန္ဓာမာပန်းမှာ အရောင် အမျိုးအစားအပေါ်မူတည်၍ (၁၀)ပွင့်လျှင် (၂၀၀၀ မှ ၂၂၀၀)ကျပ် ဈေးများရှိကြောင်း ပွဲရုံများမှ သိရပါသည်။

ယခုကာလအတွင်း မလေးရှားနိုင်ငံဈေးကွက်သို့ လေကြောင်းမှ စမ်းသပ်တင်ပို့ရန် အတွက် အောင်ပန်းပွဲရုံတစ်ခုမှ ရန်ကုန်ရှိ ကုမ္ပဏီတစ်ခု နှင့် ချိတ်ဆက်ပေးပို့ခဲ့ပြီး၊ စမ်းသပ် တင်ပို့မှုအနေဖြင့် ရေမွှေးနှင်းဆီအပွင့်(၆၀၀)ပါ တစ်ဖာ၊ ဂန္ဓာမာပန်းကြွေဖြူနှင့် ရွှေဝါဝင်းအပွင့် (၅၀၀)စီးပါ နှစ်ဖာတို့ကို ရန်ကုန်မြို့မှတဆင့် မလေးရှားနိုင်ငံသို့လေကြောင်းမှ တင်ပို့ပေးခဲ့ပြီး ရေရှည်အနေဖြင့် သယ်ယူပို့ဆောင်မှုနှင့် ဈေးကွက်တွင်းရောက်ရှိချိန်၌ ပန်းများကောင်းမွန်ခြင်း ရှိမရှိပေါ်မူတည်ပြီး ဆက်လက်တင်ပို့သွားမည်ဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူများအတွက်လည်း ဈေးကွက် အခွင့်အလမ်းများပိုမိုရရှိမည်ဖြစ်ကြောင်းသိရပါသည်။

ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန၊ တောင်ကြီးမြို့

 

Category: Local News